Friday, May 16, 2014

**ကမ္ဘာကျော် ပေါ့အဆိုတော် ဂျပ်(စ်)တင်ဘီဘာ...ခိုးမှုဖြင့်စစ်ဆေးခံနေရ**


 

 အမေရိကန်ပြည်ထောင်စု၊ လော့(စ်) အင်ဂျလိမြို့တွင် ကမ်္ဘာကျော် ပေါ့အဆို တော် ဂျပ်(စ်)တင်ဘီဘာသည် ပစ်္စည်း ခိုးယူရန် ကြိုးစားခဲ့သည်ဟု တိုင်ကြားမှု ရှိသည့်အတွက် ၎င်းကို ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးလျက်ရှိကြောင်း ဘီဘီစီက ဗုဒ်္ဓဟူး နေ့တွင် ဖော်ပြသည်။

အမည်မဖော်ပြသောသူတစ်ဦး၏သူခိုး ဟု စွပ်စွဲခြင်းခံရသည့် အသက် ၂၀ အရွယ် နာမည်ကျော် အဆိုတော်လေးကို ဖမ်းဆီး ထားခြင်းမရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ သတင်းများအရ လော့(စ်)အင်ဂျလိမြို့၊ အသေးစားဂေါက်ကွင်းတစ်ခုတွင် တိုင်ကြား သူ အမျိုးသမီးက ဘီဘာနှင့် ဓာတ်ပုံတွဲရိုက် ပြီးနောက် ဘီဘာသည် သူမ၏လက်ကိုင် အိတ်အတွင်းမှ ဖုန်းကိုနှိုက်ယူရန် လက် ရောက်ခဲ့သည်ဟု စွပ်စွဲထားသည်။ စုံထောက်များက တိုင်ကြားသူအမျိုး သမီးကို စစ်ဆေးမေးမြန်းလျက်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ဂျပ်(စ်)တင်ဘီဘာသည် မီယာမီ၌ အရက်သောက်၍ ကားမောင်းသဖြင့် အဖမ်းခံရသည့်အတွက် ၂၀၁၄ ခုနှစ်ကို ဒုက်္ခများနှင့် စတင်ခဲ့သည်ဟု ဆိုရမည်။ ဘီဘာသည် ၎င်း၏ အိမ်နီးချင်းကို ဘဲဥဖြင့် ပေါက်ခဲ့သည်ဟု စွပ်စွဲသဖြင့် ကယ်လီဖိုးနီးယား ရဲတပ်ဖွဲ့က ၎င်း၏အိမ် ကို ရှာဖွေခဲ့ကြသည်။လွန်ခဲ့သည့် ရက်သတ်္တ သုံးပါတ်က အာရှမှပြန်လာသော ၎င်းင်းကို လော့(စ်)အင်ဂျလိ နိုင်ငံတကာလေဆိပ်တွင် ထိန်းသိမ်းထားပြီး အကောက်ခွန်အရာရှိများ က စစ် ဆေးမေးမြန်း ခဲ့သေးသည။်


                              credit to :   BBC

No comments:

Post a Comment