
မ ည်သည့်ပညာရပ်မဆို ခက်ခဲနက်နဲ၏။ ပညာရပ်များစွာထဲတွင် အနုပညာသည်လည်း တစ်ခုအပါအ၀င်၊်၊ နုနုနုလေးနဲ့ ပညာသားပါလှသည့်အတွက် အနုပညာဟုဆြိုကြလေသလားမသိ။။ ပညာရပ်တစ်ခုနှုင့်ပတ်သက်၍်၍ အောင်ြ်မြင်မှုတစ်ခုကိုလွယ်လွယ် နှ င့်မရနိုင်။ အချိနိေ ပးကြရသည်။ စိတ်ဆ န ရှိရုံ ဖြင့်မ ရ၊ တစ်စိုက် မတ်မတ်၊်၊ ဇ၊ွဲ၊ဲ လုံ့လ ၊ ၀ီရိယအပြညြ့်ဖင့်ကြိုးစားအားထုတ်ပါက တစ်နေ့အောင်ြ်မြင်မှုရရမည်မှာမလွဲ။။ဝါသနာဗီဇ ပြင်းပြလှသည်နှင့်အညီ အနုပညာသည်သူ့ဘ၀ဟု လေးနက်စွာခံယူရင်း အနုပညာလောကထဲနှစ်ပေါင်းများစွာ ကျင်လည်ခဲ့ရာမှ ယနေ့အောင်မြင်မှုရရှိခဲ့သော၊ အောင်မြင်နေဆဲဖြစ်သော ပြည်သူချစ်အနုပညာရှင်တစ်ဦးအကြောင်း ရေးပြချင်သည်။
အများသိပြီးဖြစ်သည့် ဟာသသရုပ်ဆောင်အကယ်ဒမီဦးမိုးဒီ၊ ရုပ်သွင်ကို မြင်ရမှမဟုတ်၊ အသံကြားရုံဖြင့်ပင် ကလေးလူကြီးမရွေး တစ်တိုင်းပြည်လုံး သိကြသည်။ အမည်ရင်း သန်းထွန်း၊ အဘကုန်သည် ဦးဟန်တင်၊အမိဒေါ် ခင်မြင့်တို့က ၁-၁-၁၉၄၈ ရက် (သောကြာနေ့)တွင်ဟင်္သာတမြို့ ဇကာတန်းရပ်၌ မွေးဖွားခဲ့ရာ မွေးချင်းသုံးဦးရှိသည့်အနက် အငယ်ဆုံး။ ဟင်္သာတမြို့ အထက(၁)တွင်ခုနစ်တန်းအထိ ပညာသင်ကြားခဲ့သော်လည်း ကျောင်းစာထက် အနုပညာကိုသာ အားသန်စိတ်ဝင်စားနေသည့်အတွက် ကျောင်းပညာကိုပစ်ပြီး အနုပညာလောကထဲခြေစုံပစ်ဝင်ရောက်ခဲ့သည်မှာ ယနေ့တိုင်။ ဟင်္သာတမြို့ဗုဒ်္ဓဟူးဆွမ်းပတ်တွင် ဝေယျာဝစ်္စများဝင်ရောက်လုပ်ကိုင်ပေးရင်း မြို့ခံဆိုင်းအဖွဲ့၏ ညပိုင်းဖျော်ဖြေတင်ဆက်မှုများကို ကြည့်ခဲ့ရသည်။ ဆိုင်းအဖွဲ့မှ လူရွှင်တော်ကြီးများကိုကြည့်ရင်းကြည့်ရင်း အားကျလာခဲ့ရာ လူရွှင်တော်ဖြစ်ချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာတော့သည်။ အိမ်ပြန်ရောက်လေတိုင်း လူရွှင်တော်ကြီးများ၏ ပျက်လုံးနှင့်ဟန်ပန်အမူအရာတို့ကို လုပ်ပြလေ့ရှိရာ မိဘဆွေမျိုးအသိုင်းအ၀ိုင်းများကလည်း သဘောတွေ့ပြီး နှစ်ခြိုက်အားပေးကြသည့်အတွက် ဦးမိုး၏ဖြစ်ချင်သည့် စိတ်ဆန်္ဒများကား ချွန်းအုပ်၍မနိုင်။

မစွမ်းရင်းကလည်းရှိ၊ ကန်စွန်းခင်းကလည်းငြိတစ်နေ့ ရွှေမန်းပန်တျာကြည်လင်ဇာတ်အဖွဲ့ ဟင်္သာတမြို့သို့ လာရောက်ကပြရာ ဦးမိုးသည် ထမင်းမေ့၊ ဟင်းမေ့ဇာတ်နားကမခွာ၊ ညစဉ်ညတိုင်း ညလုံးပေါက်ပွဲကြည့်လေ့ရှိပြီး ပွဲပြီးသည်နှင့် ဇာတ်ထဲအတင်းလိုက်သွားတော့သည်။ အိမ်ကို လုံးဝအသိမပေး၊ အသိပေးပါက တားမည်စိုးသည်။ မိဘအသိုင်းအ၀ိုင်းက နောက်မှလိုက်စုံစမ်းပြီးမတားသာသည့်အဆုံး ဦးမိုး၏ဆန်္ဒကို ဖြည့်ဆည်းခွင့်ပြုကြရသည်။ ဇာတ်ဆရာက ဇာတ်ထဲတွင် လူမလိုသော်လည်းဦးမိုး၏ဆန်္ဒကို မငြင်းပယ်ရက်၊ ဇာတ်ထဲရောက်စ ဟိုလူကခိုင်း၊ ဒီလူကခိုင်း၊ တောက်တိုမယ်ရ၊ တကယ်တော့ဇာတ်သူဇာတ်သားများဘ၀သည် ပင်ပန်းဆင်းရဲလွန်းလှသည်။ ၀ါသနာ အရင်းခံကြ၍သာ ပင်ပန်း၍ ပင်ပန်းကြမှန်းမသိ၊ အစားဆင်းရဲ၊ အနေဆင်းရဲ၊ ကြုံသည့်အရပ်မှာကြုံသလို သင့်တင့်မျှတအောင်နေကြရပြီး ကြုံသလို ခရီးသွားကြရသည်။ သာမန်လူတို့ ဒဏ်မခံနိုင်၊ အအိပ်ပျက်၊အစားပျက် မည်မျှပင်ပန်းကြစေကာမူ အနုပညာကို ဖန်တီးခွင့်ရကြသည့်အခါ ပင်ပန်းမှုများကို မေ့သွားကြပြန်သည်။ဦးမိုးလည်းထို့အတူ၊ သူရရှိနေသည့်ဘ၀ကို ဘယ်အရာနဲ့မှမလဲနိုင်၊ အချိန်မဖြုန်း၊ ရသည့်အချိန်ကို မှန်ကန်စွာ အသုံးချသည်။ ရသမျှပညာ အကုန်ယူသည်။ တောက်တိုမည်ရဘ၀မှ မီးအဖွဲ့တွင် လူလိုသည့်အတွက် မီးသမားဖြစ်ခဲ့ပြန်သည်။ ဇာတ်အဖွဲ့တွင် မီးသမားဆို၍ မီးခလုတ်ဖွင့်တတ်ပိတ်တတ်ရုံဖြင့်မရ။ ဇာတ်လမ်းဇာတ်ကွက်အားလုံး ခရေစေ့တွင်းကျ နောကျေအောင်သိထားရသည်။ ဇာတ်လမ်းနှင့်မီး အပြန်အလှန်အပေးအယူ အချိတ်အဆက်မိပါမှတင်ဆက်မှုများသည် ပို၍အသက်ဝင် ရသမြောက်သည်။ဦးမိုးသည် မီးထိုးချောင်ရှိ မီးခလုတ်များကြား ညလုံးပေါက်ထိုင်၍ မီးအပေးအယူလုပ်ရင်း ဇာတ်သဘင်ပညာ၊ဟာသပညာ၊ ပြဇာတ်ပညာ၊ ကဇာတ်ပညာနှင့် နောက်ပိုင်းဇာတ်တော်ကြီးများပါမကျန် လေ့လာမှတ်သားသည်။သို့ဖြစ်၍ အနုပညာကုန်ကြမ်းများကား တစ်ပွေ့တစ်ပိုက်၊ထိုကာလများက ရရှိခဲ့သော အတွေ့အကြုံများကိုယခုပြန်တွေးကြည့်သည့်အခါ သူ့ဘ၀အတွက် အနုပညာအာဟာရများဟု ဦးမိုးက အဓိပ်္ပာယ်ဖွင့်ဆိုပြန်သည်။ တာထွက်ကောင်းသည်ဟုဆိုရမည်လား၊ ပန်တျာကြည်လင်ဇာတ်၌ထိုစဉ်က တကယ့်ဝါရင့်သမ်္ဘာရင့် နိုင်ငံကျော် ဇာတ်သဘင်လူရွှင်တော်ကြီးများဖြစ်ကြသော ဦးဓာတ်ရှင်၊ ဦးရွှေငါးနှင့်ဦးစံမောင်းတို့ထံမှ ဟာသပညာရပ်များ အားပါးတရလေ့လာဆည်းပူးခွင့်ရခဲ့သည်။ ပန်တျာကြည်လင်ဇာတ်တွင်ငါးနှစ်အကြာ လက်ထောက်မီးဆရာရာထူးရခဲ့သည်။ဇနီး ဒေါ်အေးကြွယ်နှင့် ဖူးစာဆုံခဲ့သည်။ဇာတ်သဘင်လောက၊ အငြိမ့်လောကတို့တွင် ရာသီခွင်ပြီး၍ စာချုပ်သက်တမ်းကုန်ဆုံးသည့်အခါ ဇာတ်ခေါင်းခွဲကြပြီး ဟိုဇာတ်သည်ဇာတ် ကူးပြောင်းကပြမှုများရှိသည်။ထိုသဘောသဘာဝအရ ဦးမိုးသည် ပန်တျာကြည်လင်ဇာတ်မှ ရွှေမန်းကျော်အောင်ဇာတ်သို့ ကူးပြောင်းသည်။မီးဆရာအဖြစ် ကူးပြောင်းခဲ့သော်လည်း ဇာတ်ရည်ဝနေသူဖြစ်သည့်အတွက် လူလိုလျှင်လိုသည့်နေရာ ၀င်ရောက်ကပြရသည်။ အခက်အခဲမရှိ၊ ရွှေမန်းကျော်အောင်ဇာတ်ထဲတွင် မီးဆရာတစ်ပိုင်း၊ သရုပ်ဆောင်တစ်ပိုင်း၊ ထိုဇာတ်နှင့်နှစ်နှစ်ကပြပြီးနောက် ဦးကက်နက်စိန်၏သား စိန်မာဒင်ဇာတ်သို့ ရောက်ရှိပြန်သည်။ ထိုဇာတ်အဖွဲ့တွင် လူရွှင်တော်သီးသန့်၊ စိန်မာဒင်ဇာတ်နှင့် သုံးနှစ်လက်တွဲပြီးနောက် ရေဒီယို-စိန်ခင်မောင်(ပတ်္တလား) ဦးစီးတည်ထောင်သော ခင်မာချိုအငြိမ့်အဖွဲ့ထဲရောက်ပြန်သည်။ ခင်မာချိုအငြိမ့်တွင် ငါးနှစ်ကပြီးနောက် ထိုစဉ်က ပြဇာတ်အကျော်အမော် ပြဇာတ်မင်းသားတို့တင်ဌေးက ခေါ်သည့်အတွက်စိန်မာဒင်ဇာတ်ထဲရောက်ပြန်သည်။ ကံတူအကျိုးပေးဟုဆိုရမည်လား၊ စိန်မာဒင်ဇာတ်နှင့်ဒုတိယအကျော့ လက်တွဲသည့်အခါ စိန်မာဒင်၏သား ဇာတ်မင်းသား မိုးဝင်း၊ မိုးဒီ၊မော့(စ်) ဆိုပြီး လျှမ်းလျှမ်းတောက် နာမည်ကြီးကြလေတော့သည်။ ကပြရာနေရာတိုင်း ရုံပြည့်၊ ရုံလျှံ၊ ရုံဖွင့်၊ ရုံကွဲမင်းသားမိုးဝင်း၏ ဇာတ်လမ်းဇာတ်ကွက်၊ လေးနက်ပီပြင်သော ပြဇာတ်များ၊ မြူးကြွလှပသော နှစ်ပါးခွင်များနှင့်အတူမိုးဒီ၊ မော့(စ်) တို့၏ ရယ်ရွှင်ဖွယ်ဟာသများကား တ၀ါးဝါး၊ပွဲအစမှ အဆုံးတိုင် ငိုက်ချိန်မရ၊ ပါးစပ်မပိတ်ရ၊ အူတက်မတတ် ရယ်ခဲ့ရသည်မှာ စာရေးသူကိုယ်တွေ့၊ ထိုမှတစ်ဖန်ဦးမိုးကိုယ်တိုင် ဦးစီးတည်ထောင်သော ပန်တျာတင်မိုးဝင်း၊မိုးဒီ၊ မော့(စ်)ဇာတ်သဘင်၊ ထိုဇာတ်တွင် ဦးမိုးသည် ဟာသသာမက သဘာဝကိုလည်း နိုင်နင်းကြောင်း ပြခဲ့သည်။ပန်တျာတင်မိုးဝင်းဇာတ်တွင် ဦးမိုးကိုယ်တိုင် ပြဇာတ်မင်းသားအဖြစ် ခေါင်းဆောင်တင်ဆက်ကပြခဲ့သော ““နံ့သာလိမ်း၍ ပန်းစိမ်းပန်””၊ ““ရင်ကွဲအောင်ချစ်ပြမယ်”” နှင့်““မေတ်္တာဟာ မေတ်္တာပါပဲ”” ပြဇာတ်များဟာ ပရိသတ်များအကြိမ်ကြိမ်တောင်းဆိုခြင်း ခံခဲ့ရပြီး ပွဲတောင်းပြဇာတ်များအဖြစ် ထင်ရှားခဲ့သည်။ ပန်တျာတင်မိုးဝင်းနှင့်ကပြနေစဉ်ရုပ်ရှင်မင်းသား သန်းအောင်က အိမ်ကြည့်အမှတ်တရဗီဒီယိုကား ရိုက်လိုသည်ဆို၍ မော့စ်နှင့်တွဲဖက်ပြီး““မင်္ဂလာဦးည”” နှင့် ““အစိရှည်၏ အရှုပ်တော်ပုံ”” ဟာသဇာတ်ကားနှစ်ကား ရိုက်ကူးခဲ့ရာ သတင်းပြန့်ပြီး ပရိသတ်ကတောင်းဆိုသည့်အတွက် ရောင်းတန်းဗီဒီယိုဇာတ်ကားအဖြစ် အသွင်ပြောင်းဖြန့်ချိခဲ့ရသည်။ ထိုနှစ်ကားထွက်သည်နှင့် ဗီဒီယိုထုတ်လုပ်သူများဝိုင်းဝိုင်းလည်၊ သို့ဖြစ်၍ဗီဒီယိုလောကထဲ ရောက်ခဲ့ရပြန်သည်။ ထင်ပေါ်၍စင်တော်ကောက်၊ အကျိုးပေး၍ အကြောင်းထင်၊ ဗီဒီယိုလောက၊ ကြော်ငြာလောက၊ ရုပ်ရှင်လောက နေရာတိုင်းတွင်အောင်မြင်မှုများကား စဉ်ဆက်မပျက်၊ ရခဲလှသည့်မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုကိုလည်း ထိုက်ထိုက်တန်တန်ရရှိခဲ့သည်။ အကယ်ဒမီသည် နတ်ကြီး၏။ ကံတရားနှင့်လည်းဆိုင်၏။ ရုပ်ရှင်လောကတွင် တချို့တော်ခဲ့ကျော်ခဲ့ကြသော်လည်း အကယ်ဒမီစင်မြင့်ပေါ်တက်ခွင့်မရ။ လူကြမ်းထဲမှ၊ ဟာသလူရွှင်တော်ထဲမှ အကယ်ဒမီရသူရှားလှသည်။ရှားသူများကြားမှ ရယူနိုင်သူဖြစ်သည့်အတွက် မှတ်မှတ်သားသားဖြစ်ရသည်။ တစ်ချိန်က မြို့တော်သိန်းအောင်ဇာတ်အဖွဲ့တွင် ပြဇာတ်ဒါရိုက်တာ မြို့တော်မောင်ယဉ်အောင်တင်ဆက်ခဲ့သည့် နာမည်ကြီးစင်တင်ပြဇာတ်ကိုမြို့တော်မောင်ယဉ်အောင်ကပင် ရုပ်ရှင်အဖြစ်အသက်သွင်း၍ ကိုယ်တိုင်ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သော““ကိုးဆယ်ဆ သာလိမ့်မည်”” ဇာတ်ကားတွင် ဦးမိုးပါဝင်သရုပ်ဆောင်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် မြန်မာ့ရုပ်ရှင်အကောင်းဆုံးဇာတ်ပို့သရုပ်ဆောင်အကယ်ဒမီဆု ရရှိခဲ့သည်။ ထိုကားမတိုင်မီက အကယ်ဒမီပြုံးချိုကြီးနှင့် ပန်းဒဏ္ဍာရီဇာတ်ကားတို့တွင်လည်း အကယ်ဒမီမှန်းခဲ့သေးသည်။ ပန်းဒဏ္ဍာရီဇာတ်ကားတွင် မယားကြောက်ရသည့် ထန်းရည်မူးသမားကြီးအဖြစ် သဘာဝကျကျ ပီပြင်စွာ သရုပ်ဆောင်ခဲ့ရာ အကယ်ဒမီနှင့် ဆန်ခါတင်အဆင့်ကျမှ လွဲခဲ့သော်လည်း စိတ်ဓာတ်မကျ၊ ဆက်လက်ကြိုးပမ်းအားထုတ်ခဲ့ရာ ““ကိုးဆယ်ဆသာလိမ့်မည်””ဇာတ်ကားဖြင့် အကယ်ဒမီရခဲ့သည့်အတွက် ထိုအကယ်ဒမီညကတစ်လမ်းလုံးရှိ လမ်းသူလမ်းသားအားလုံးတို့ အားပါးတရဒါနပြုစတုဒိသာ ကျွေးမွေးခဲ့သည်။ အမျိုးသားညီလာခံ၊ပြည်လုံးကျွတ်ဆန်္ဒခံယူပွဲ စသည်ဖြင့် နိုင်ငံတော်အဆင့်တင်ဆက်ခဲ့ရသည့် ပွဲပေါင်းများစွာ၊ ဘာသာရေးသာသနာရေးအတွက် တင်ဆက်ခဲ့ရသည့် ပွဲပေါင်းများစွာ၊ ထို့ပြင်နိုင်ငံရပ်ခြားရောက်မြန်မာများက ဖိတ်ကြားသည့်အတွက်အမေရိကန်၊ အင်္ဂလန်၊ ဂျပန် (နှစ်ကြိမ်)၊ သြစတြေးလျ(နှစ်ကြိမ်)၊ စင်ကာပူ၊ ထိုင်းနှင့်မလေးရှားနိုင်ငံများသို့လည်းသွားရောက်ဖျော်ဖြေခဲ့ရပြန်သည်။

သားလေးဦးထွန်းကားခဲ့ပြီး ဒုတိယသားဖြစ်သော ကြည်စိုး(ခ)ဟာသသရုပ်ဆောင်ကောင်းစံမှာလည်းဟာသအနုပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနေဆဲ၊အောင်မြင်နေဆဲ၊ ဦးမိုး၏ လက်ဦးဆရာများမှာ မိုးဒီဆိုသော အမည်ပေးခဲ့သည့် ဟာသလူရွှင်တောင်ကြီးဦးဓာတ်ရှင်နှင့်ဦးရွှေငါး၊ သားကောင်းစံ၏လက်ဦးဆရာမှာဟာသလူရွှင်တော်ကြီး ဦးစိန်ရိုးဟုသိရသည်။ ဦးမိုးသည်အလှူအတန်းရက်ရောပြီး မွေးရပ်ဇာတိမြေကို မမေ့၊အချိန်ရလျှင်ရသလို မွေးရပ်မြေကိုပြန်၍ အလှူဒါနပြုလေ့ရှိသည်။ သူ့ဘ၀၊ သူ့အနုပညာသည် အတုယူစရာ၊အားကျစရာ၊ ဦးမိုးသည် သူမြတ်နိုးသော အနုပညာလမ်းမှာဂန္တ၀င်မှတ်တိုင်များ စိုက်ထူရင်း မမောမပန်း ယနေ့တိုင်လျှောက်လှမ်းနေဆဲ။ ။
+ တင့်လွင်ဦး( Economic University)+
No comments:
Post a Comment