By : JACBA

လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းတစ်ခုပူးပေါင်းပုံဖော်မည့်ဘရတ်ပစ်ဒ်နှင့် ဂျိုလီ
၂၀၀၅ ခုနှစ်က မင်းသမီး အိန်ဂျလီနာဂျိုလီကိုယ်တိုင် ဇာတ်ညွှန်းရေးသားထားသည့် Mr. and Mrs. Smithဇာတ်ကားတွင် ဟောလိဝုဒ်ငွေကြယ်ပွင့်စုံတွဲဖြစ်သည့် ဘရတ်ပစ်ဒ်နှင့် ဂျိုလီတို့စုံတွဲသည် အတူပါဝင်သရုပ်ဆောင်ခဲ့ကြပြီး ယခုတစ်ဖန် လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းတစ်ခုကိုလည်း ၎င်းတို့နှစ်ဦး အတူပူးပေါင်းပုံဖော်ရန်စီစဉ်လျက်ရှိကြောင်း သိရသည်။အဆိုပါလျှို့ဝှက်ဆန်းကြယ်ဇာတ်ကားကို အကောင်အထည်ဖော်ဖြစ်ပါက ယင်းသည် Mr. and Mrs. Smith
အပြီး ပထမဆုံးသောဇာတ်ကားဖြစ်လာမည်ဖြစ်ကြောင်း၊ ယင်းဇာတ်ကားသစ်နှင့်ပတ်သက်ပြီး မည်သည့်အချက်အလက်ကိုမျှ ထုတ်ဖော်ပြောကြားခြင်းမရှိသေးဘဲ ယင်းသည် ဂျိုလီနှစ်ပေါင်းများစွာ ရေးသားနေခဲ့သည့် ဆွေမျိုးများအကြောင်းပုံဖော်ထားသည့် ဒရာမာဇာတ်ကားဖြစ်နိုင်ကြောင်း၊ ထို့အပြင် ဂျိုလီသည် ယင်းဇာတ်ကားကို ဒါရိုက်တစ်ဦးအဖြစ် ရိုက်ကူးသွားဖွယ်ရှိကြောင်းနှင့် မည်သည့်ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်မည်ကိုလည်း မသိရသေးပေ။
+ကောင်းမြတ်သူ+

No comments:
Post a Comment