Wednesday, May 7, 2014

===မန်စီးတီးသည်သာ ပရီမီယာလိဂ် ချန်ပီယံ ဖြစ်လာလိမ့်မည်ဟု လီဗာပူး နည်းပြ ဘရန်ဒန်ရော့ဂျာက ထုတ်ဖော် ပြောကြား ==

By : JACBA









လီဗာပူးအသင်းသည် ပရီမီယာလိဂ်ပွဲစဉ်(၃၇)တွင် ခရစ်္စတယ်ပဲလေ့အိမ်ကွင်း၌ တစ်ဖက်သုံးဂိုးစီသရေပွဲဖြစ်ကာ တစ်မှတ်သာလျှင်ရယူနိုင်ခဲ့ပြီးနောက် ဖလားလုဘက်ဖြစ်သောမန်စီးတီးအသင်းသည်သာ ပရီမီယာလိဂ်ချန်ပီယံ ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း လီဗာပူးအသင်းနည်းပြ ဘရန်ဒန်ရော့ဂျာက ထုတ်ဖော်ပြောကြားလိုက်သည်။လီဗာပူးအသင်းသည် ယင်းပွဲစဉ်တွင်ခရစ်္စတယ်ပဲလေ့အသင်းအား သုံးဂိုးအသာဖြင့်ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲပြီးဆုံးရန် ၁၁ မိနစ်အလိုတွင် ခရစ်္စတယ်ပဲလေ့အသင်းက ချေပဂိုးသုံးဂိုးစလုံးသွင်းယူနိုင်ခဲ့သဖြင့် သရေပွဲဖြစ်ခဲ့သည်။ ယင်းပွဲစဉ်တွင် လီဗာပူးအသင်းအနေဖြင့်ချေပဂိုးသုံးဂိုးစလုံး ခွင့်ပြုပေးလိုက်ရခြင်းမှာနောက်တန်းကစားသမားများ၏ အားနည်းချက်ကြောင့်ဖြစ်ကြောင်းလည်း ဘရန်ဒန်ရော့ဂျာက၀န်ခံပြောကြားခဲ့သည်။





ထိုသို့ လီဗာပူးအသင်းအနေဖြင့်ခရစ်္စတယ်ပဲလေ့အိမ်ကွင်းတွင် သရေတစ်မှတ်သာရရှိခဲ့ပြီးနောက် ပရီမီယာလိဂ်ဖလားရယူနိုင်မည့် အခွင့်အရေးတစ်ရပ် ဆုံးရှုံးခဲ့ပြီဟုဆိုကာပီအက်ဖ်အေ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုနှင့် ဘောလုံးအားကစားကလောင်ရှင်များအဖွဲ့ချုပ်က ပေးအပ်ထားသောဆုတို့ကို ဆွတ်ခူးထားခဲ့သည့် တိုက်စစ်မှူးဆွာရတ်ဇ်နှင့် အသင်းခေါင်းဆောင် စတီဗင်ဂျာရတ်တို့ အပါအ၀င် လီဗာပူးကစားသမားအချို့မျက်ရည်ဝဲခဲ့ရသည်။

+ငွေကြယ်+

No comments:

Post a Comment