လာမယ့်မေ ၂၅ ရက်မှာ ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲအဖြစ် ပေါ်တူဂီနိုင်ငံလစ်္စဘွန်းမြို့မှာ ရီးယဲလ်နဲ့
အက်သလက်တီကိုတို့ ဆုံတွေ့ယှဉ်ပြိုင်ကစားသွားကြတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘယ်
အသင်းချန်ပီယံဖြစ်သွားမလဲဆိုတာကို စောင့်ကြည့်သွားရဖို့ ရှိနေပါတယ်။
နေ့ - မေ ၂၅ ရက်
အချိန် - နံနက် ၁း၁၅ နာရီ
နေရာ - လစ်္စဘွန်းမြို့
ကွင်းလယ်ဒိုင် - ကူပါ(ဟော်လန်)
စည်းကြပ်ဒိုင် - ရိုကယ်(ဟော်လန်)၊
ဇီနီစထရာ(ဟော်လန်)
+ရီးယဲလ်နဲ့အက်သလက်တီကို+
နံနက် ၁း၁၅ (၂၅-၅-၁၄)
အထူးသဖြင့် ရီးယဲလ်နဲ့ အက်သလက်တီကိုတို့ဟာ စပိန်ရဲ့ မက်ဒရစ်အခြေ
စိုက်နှစ်သင်းဖြစ်ပြီး ဒီတစ်ကြိမ်ဗိုလ်လုပွဲဟာ ဒါဘီသဘောတရားလည်း
သက်ဝင်နေပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲတစ်လျှောက် တစ်နိုင်ငံတည်းက
အသင်းအချင်းချင်း ဆုံတွေ့တဲ့ပွဲတွေ ရှိခဲ့ပေမယ့်လည်း အခုလို မြို့ခံပြိုင်ဘက်
အသင်းအချင်းချင်း ဆုံတွေ့မှုကတော့ ဒီတစ်ကြိမ်ဆုံတွေ့မှုဟာ ပထမဆုံး
အကြိမ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဒါကြောင့် ဒီဗိုလ်လုပွဲဟာ ဆုဖလား
တစ်လုံးရရှိရေးအပြင် မြို့ခံပြိုင်ဘက်အသင်းအချင်းချင်း အသာရလိုမှုတွေနဲ့
အတူ ပိုမိုအကြိတ်အနယ်ရှိလာမှာ သေချာနေပါတယ်။
**ရီးယဲလ်မက်ဒရစ်ရဲ့ အနေအထား**
ပြောရရင် ရီးယဲလ်အနေနဲ့ ဒီရာသီမှာ စပိန်ဘုရင့်ဖလားတစ်လုံးသာ ရယူထား
နိုင်ခဲ့တာကြောင့် ဒီချန်ပီယံလိဂ်ဆုဖလားကို ရယူလိုစိတ်ပိုမိုပြင်းထန်နေပါ
တယ်။ ရီးယဲလ်အနေနဲ့ ဒီချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆု ၉ ကြိမ် ရရှိခဲ့ပြီး
အအောင်မြင်ဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပေမယ့်လည်း ဒီဆုဖလားနဲ့
ဝေးကွာနေခြင်းဟာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့်
ရီးယဲလ်အနေနဲ့ ချန်ပီယံလိဂ်ဆုဖလားကို တစ်ကျော့ပြန်ရရှိဖို့အတွက် ခြေကုန်
ထုတ်ကစားလာမှာလည်း သေချာနေပါတယ်။
**အက်သလက်တီကိုရဲ့ အနေအထား**
ဒါ့အပြင် အက်သလက်တီကိုအနေနဲ့လည်း ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်း
တစ်လျှောက် ဗိုလ်လုပွဲကို တစ်ကြိမ်သာရောက်ရှိခဲ့ဖူးပြီး အဆိုပါအကြိမ်တုန်း
ကလည်း ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရဖူးပါတယ်။ အက်သလက်တီကိုအနေနဲ့
ဒီရာသီမှာ အထူးခြေစွမ်းပြနိုင်ခဲ့ပြီး လာလီဂါဆုဖလားကိုလည်း ရယူနိုင်ခဲ့တာ
ကြောင့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါအကောင်းဆုံးအနေအထား
ကို ရောက်ရှိနေပါတယ်။ ဒါကြောင့် အက်သလက်တီကိုအနေနဲ့ ကလပ်သမိုင်း
တစ်လျှောက် အကောင်းဆုံးအနေအထားကို ရရှိနေချိန်
မှာ အသင်းအတွက် ပထမဆုံးချန်ပီယံလိဂ်ဆုဖလားကို
လည်းရယူနိုင်ဖို့ အထူးကြိုးစားသွားမှာ သေချာနေပါတယ်။
**သုံးသပ်ချက်**
ဒီနှစ်နှိုင်းယှဉ်ကြည့်မယ်ဆိုရင် လာလီဂါပြိုင်ပွဲမှာ
နှစ်ကြိမ်၊ စပိန်ဘုရင့်ဖလားမှာ နှစ်ကြိမ်ဆုံခဲ့ဖူးပါတယ်။
ဒီလိုဆုံတွေ့ရာမှာ လာလီဂါပြိုင်ပွဲမှာ အက်သလက်တီကိုက
တစ်ပွဲနိုင်၊ တစ်ပွဲသရေ ကစားနိုင်ခဲ့ပေမယ့် စပိန်ဘုရင့်ဖလား
ပွဲမှာတော့ ရီးယဲလ်က နှစ်ပွဲစလုံးအနိုင်ရခဲ့ဖူးပါတယ်။ လက်ရှိ
ကစားသမားစုဖွဲ့မှုကို ကြည့်မယ်ဆိုရင်လည်း ရီးယဲလ်က
ပိုမိုကျစ်လျစ်မှုရှိနေပါတယ်။ ရီးယဲလ်ရဲ့အဓိကကစားသမား
တွေဖြစ်တဲ့ ရော်နယ်ဒိုနဲ့ ဘေးလ်တို့ဟာ ဒီပြိုင်ပွဲမှာ ပါဝင်
လာဖို့ရှိနေပြီး အက်သလက်တီကိုရဲ့ အဓိကတိုက်စစ်မှူး
ကော်စတာကတော့ ဒီပွဲစဉ်နဲ့ လွဲချော်ရမယ့် အခြေအနေ
မျိုးရှိနေပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်အတွေ့အကြုံပိုင်းမှာ
ရီးယဲလ်က အားသာနေသလို ရီးယဲလ်အနေနဲ့ ဒီချန်ပီယံလိဂ်
ဆုဖလားကို မဖြစ်မနေ အရယူသွားမယ့် အနေအထားတွေ
ရှိနေတာကြောင့် အထူးကြိုးစားလာမယ့်အခြေအနေတွေ
နဲ့အတူ ဒီပွဲစဉ်မှာတော့ ရီးယဲလ်ကသာနိုင်ပွဲယူပြီး ၁၀
ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလားကို ရယူသွားနိုင်ဖို့ရှိနေ
ပါတယ်။
+ရှိုင်းမင်းမင်း+
No comments:
Post a Comment