Tuesday, May 6, 2014

===အီတလီစီးရီးအေဖလားလက်ရှိချန်ပီယံ ဂျူဗင်တပ်အသင်း ထပ်မံဆွတ်ခူး==

By: JACBA



၂၀၁၂-၂၀၁၃ နဲ့ ၂၀၁၃-၂၀၁၄ ဘောလုံးရာသီ၂နှစ်ဆက်တိုက်ချန်ပီယံ---ဂျူဗင်တပ်စ်အသင်း)






အီတလီစီးရီးအေလက်ရှိချန်ပီယံ ဂျူဗင်တပ်အသင်းသည် နှစ်ပွဲကစားရန်ကျန်ရှိသေးသော်လည်း အမှတ်ပေးဇယား ဒုတိယနေရာမှ ရိုးမားအသင်းသည် တန်းဆင်းဇုန်အတွင်း ကျရောက်နေသည့် ကာတာနီးယားအသင်း၏အိမ်ကွင်းတွင် လေးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းကြောင့်ဂျူဗင်တပ်အသင်းက အီတလီစီးရီးအေဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။


(ဂျူဗင်တပ်စ်အသင်းနည်းပြ-ကွန်တီ(ယခင်-ဂျူဗင်တပ်အသင်း
ကစားသမားဟောင်း နဲ့ အီတလီလက်ရွေးစင်ဟောင်း)ကို
အခုလိုလေ၀ဲဂုဏ်ပြုကြ)







ဂျူဗင်တပ်အသင်းသည် ပွဲစဉ်(၃၆)မကစားမီတွင်ရမှတ် ၉၃ မှတ်ရရှိထားပြီး ရိုးမားအသင်းမှာ ရမှတ် ၈၅မှတ်ဖြင့် ဒုတိယနေရာသို့ တက်လှမ်းလာခဲ့သော်လည်းရိုးမားအသင်းမှာမူ ကာတာနီးယားအသင်းနှင့်ပွဲစဉ် ရှုံးနိမ့်ခဲ့ခြင်းကြောင့် အမှတ်ပေးဇယားထိပ်ဆုံးမှ ဂျူဗင်တပ်အသင်းကို အမီလိုက်နိုင်မည့်အခွင့်အရေးတစ်ရပ်ဆုံးရှုံးခဲ့
ရသည်။








ရိုးမားအသင်းသည် လက်ကျန်ပွဲစဉ်နှစ်ပွဲ အနိုင်ရခဲ့လျှင်သော်မှ ဂျူဗင်တပ်၏ ပွဲစဉ်(၃၅)အပြီး ရမှတ်ကိုမီနိုင်တော့မည် မဟုတ်သောကြောင့် ဂျူဗင်တပ်အသင်းက ပွဲစဉ်(၃၅)အပြီး ရမှတ်နှင့်ပင် အီတလီစီးရီးအေဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အီတလီစီးရီးအေ ချန်ပီယံအသင်းအဖြစ် ဂျူဗင်တပ်တို့ ပိုင်ဆိုင်ခဲ့ပြီဖြစ်သည်။

+ငွေကြယ်+

No comments:

Post a Comment