Tuesday, May 13, 2014

သတင်းတိုများ

13.5.2014
သတင်းတိုများ

လစ်ဗျား၌ လှေတစ်စင်း နစ်မြုပ်
လစ်ဗျားကမ်းခြေ၌ လှေတစ်စင်း နစ်မြုပ်ခဲ့ခြင်းကြောင့် ယင်းလှေပေါ်၌ လိုက်ပါလာသူ ရွှေ့ပြောင်းလုပ် သား ၃၆ ဦး သေဆုံးခဲ့ပြီး ၄၂ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ရေတပ်အရာရှိတစ်ဦးက ပြောကြားခဲ့ သည်ဟု မေလ ၁၂ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အစ္စရေးက နိုင်ဂျီးရီးယားကျောင်းသူ ၃၀၀ ကို ကူညီရှာဖွေပေး

နိုင်ဂျီးရီးယား စစ်သွေးကြွအဖွဲ့ ဘိုကိုဟာရမ်က ပြန်ပေးဆွဲထားသည့် ကျောင်းသူ ၃၀၀ ကျော်အား ရှာဖွေ ရေးတွင် အကူအညီပေးမည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ရာဟု၏ ကမ်းလှမ်းခြင်းအား နိုင်ဂျီး ရီးယားအစိုးရက လက်ခံခဲ့သည်ဟု မေလ ၁၂ ရက်က အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထား သည်။

ကြားဖြတ်အစိုးရ ဖွဲ့မည်

တောင်ဆူဒန် အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်တစ်ရပ်အား တောင်ဆူဒန်သမ္မတ ဆယ်လ်ဗာခါး၊ ဒုတိယသမ္မတဟောင်းနှင့် သူပုန်ခေါင်းဆောင် ရိတ်ခ်မာချာတို့က ယခင်သတင်းပတ်အတွင်း အီသီယိုးပီး ယားမြို့တော်၌ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည့်အတွက် လာမည့်သုံးလအတွင်း၌ ကြားဖြတ်အစိုးရတစ်ရပ်အား ဖွဲ့စည်းသွားနိုင်လိမ့်မည်ဟု တောင်ဆူဒန်သမ္မတ ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်သည်ဟု မေလ ၁၂ ရက်က အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပြန်ပေးဆွဲခံ ကျောင်းသူတချို့ ကျောင်းပြန်တက်ရန် ကြောက်ရွံ့

နိုင်ဂျီးယားနိုင်ငံအတွင်း စစ်သွေးကြွများ ဖမ်းဆီးထားသည့် ကျောင်းသူ ၃၀၀ ကျော်မှ ထွက်ပြေးလွတ် မြောက်လာသည့် ကျောင်းသူတစ်ဦးက ပြန်ပေးဆွဲမှုမှာ လွန်စွာကြောက်မက်ဖွယ်ကောင်းကြောင်း ပြော ကြားခဲ့ပြီး ကျောင်းပြန်တက်ရန်ကိုလည်း ကြောက်ရွံ့လျက်ရှိသည်ဟု ပြောကြားလိုက်ကြောင်း မေလ ၁၂ ရက်က အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အားကစားရုံများ တည်ဆောက်ခြင်းကြောင့် အိမ်ခန်းငှားခများ မြင့်တက်

ဆင်းရဲနွမ်းပါးသော ဘရာဇီးလူမျိုး ထောင်ပေါင်းများစွာသည် ကမ္ဘာ့ဖလားဖွင့်ပွဲကျင်းပမည့် အားကစားရုံ အနီးတွင် နေထိုင်လျက်ရှိကြပြီး ၎င်းတို့၏အိမ်ခန်းများတွင် ဆက်လက် မနေထိုင်နိုင်ခြင်းမှာ အားကစားရုံ များတည်ဆောက်ခြင်းကြောင့် အိမ်ခန်းငှားခများ မြင့်တက်လာသောကြောင်း ဖြစ်သည်ဟု အစိုးရကို ပြစ် တင်ပြောဆိုလိုက်ကြောင်း မေလ ၁၂ ရက်က အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

credit to : Mizzima

No comments:

Post a Comment