လီဗာပူးနည်းပြ ဘရီဒန်းရော်ဂျာက သူ့အနေနဲ့ လီဗာပူးနည်းပြမန်နေဂျာ ရာထူးကို စာချုပ်တိုးချဲ့သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ဒီလို စာချုပ်ဖို့အတွက် မူအားဖြင့်သဘောတူထားပြီလို့လည်း သူကဆိုပါတယ်။သူဟာ လီဗာပူးအသင်းကို ယခုနှစ် ရာသီမှာ ထူးခြားတဲ့ အောင်မြင်မှုတွေရအောင် အဓိကကြိုးစားပေးတဲ့သူ ဖြစ်ပါတယ်။ လီဗာပူးကို ယခုနှစ်ပရီမီယာလိဂ်ဖလားအတွက် အနီးကပ် စိန်ခေါ်သူဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း လီဗာပူးပိုင်ရှင်တွေက ရော်ဂျာကို ထပ်မံခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ ကျွန်တော်ဒီကိစ်္စနဲ့ ပတ်သက်ပြီး ကလပ်နဲ့ မူအားဖြင့်သဘောတူထားပါတယ်ဟု သူကဆိုပါတယ်။
လီဗာပူးနဲ့ မန်စီးတီးဟာ ယခုနှစ်ပွဲကုန်တဲ့အထိ ဘယ်အသင်းချန်ပီယံဖြစ်မယ်ဆိုတာ ခန့်မှန်းဖို့ ခက်ခဲနေတဲ့အနေအထားဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက နံပါတ် (၇) သာ ချိတ်နိုင်ခဲ့တဲ့ လီဗာပူးဟာ ဒီနှစ်မှာတော့အနည်းဆုံး ဒုတိယနေရာသေချာနေပြီဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ခရစ်္စတယ်ပဲလေ့စ်နဲ့ သုံးဂိုးနိုင်နေရာကနေသုံးဂိုးပြန်သွင်းခံရလို့ မန်စီးတီးကနှစ်မှတ်အသာနဲ့ ဦးဆောင်ခွင့်ရသွားခဲ့ပါတယ်။သို့သော်လည်း လီဗာပူးရဲ့ဖလားလုပွဲဟာ ပြီးဆုံးသွားပြီလို့ပြိုင်ပွဲအပြီး စိတ်ပျက်စွာနဲ့ သူကပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်ကျွန်တော်တို့ နောက်ဆုံးနေ့ ပြိုင်ပွဲအထိ အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါဟု ရော်ဂျာကဆိုပါတယ်။
လီဗာပူးနဲ့ နယူးကာဆယ်တို့ဟာ မေ ၁၁ ရက်(ယနေ့) ညပိုင်းမှာ ပရီမီယာလိဂ်နောက်ဆုံးပွဲအဖြစ် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ လီဗာပူးဟာ အနည်းဆုံးဒုတိယနေရာရမှာ ဖြစ်တဲ့အတွက်လာမယ့်ရာသီ ချန်ပီယံလိဂ်အတွက်အလိုအလျောက် ခြေစစ်ပွဲအောင်အသင်းဖြစ်လာမှာ ဖြစ်ပါတယ်။
+အာကာကျော်+

No comments:
Post a Comment