By: JACBA
ပရီမီယာလိဂ်ပွဲစဉ် (၃၈)နောက်ဆုံး ပွဲစဉ်ကို မေ ၁၁ရက်မှာယှဉ်ပြိုင်ကစားပါတော့မယ်။ ရာသီကုန်နောက်ဆုံးပွဲဖြစ်တာမို့ အာရုံစူးစိုက်စရာအဖြစ် မန်စီးတီးကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်။ ပရီမီယာလိဂ် ချန်ပီယံဖလားအတွက်ပေးဆပ်ခဲ့ရတဲ့ အရင်းအနှီးနဲ့အားထုတ်ခဲ့ရတဲ့ ချွေးစက်တွေအတွက် ယခုနှစ်ရာသီကုန်မှာ ထိုက်တန်တဲ့ဆုဖလားကို သိမ်းပိုက်ကိုင်မြှောက်နိုင်ဖို့ အကောင်းဆုံးအခွင့်အလမ်းက လက်တစ်ကမ်းမှာရှိနေပြီဖြစ်ပါတယ်။
မန်စီးတီးနှင့် ၀က်စ်ဟမ်း
ပထမအကျော့မှာ သုံးဂိုးတစ်ဂိုး န့ဲ နိုင်ပွဲယူ ခဲ့တဲ့ဲမန်စီးတီးဟာအခုပွဲမှာ ဖလားရယူရေးအတွက်အတိမ်းအစောင်းခံမှာမဟုတ်ပါဘူး။အကောင်းဆုံး ကစားသမားတွေနဲ့ပွဲထွက်လာမယ့်မန်စီးတီးဟာ ၀က်စ်ဟမ်း ကိုအိမ်ကွင်း မှာ အပြတ်အသတ်ချေမှုန်းပြီး မိမိကွင်းပရိသတ်ရှေ့ မှောက်မှာ အောင်ပွဲခံဖို့ အပြင်းအထန်ြကိုးစားမှာ ဖြစ်ပါတယ။် ၀က်စ် ဟမ်းနဲ့ဆုံတိုင်း နိုင်ပွဲတွေသာ ဆက်တိုက်ပုံဖော်နိုင်တဲ့ မန်စီးတီးဟာအိမ်ကွင်းမှာ ချန်ပီယံခြေစွမ်းပြပြီးဖလားကိုင်မြှောက် အောင်ပွဲခံပါလိမ့်မယ်။
ကာဒစ်နှင့် ချယ်လ်ဆီး
တန်းဆင်းသွားပြီဖြစ်တဲ့ ကာဒစ်ကို ချယ်လ်ဆီးတို့လျှော့ပေးမှာတော့မဟုတ်ပါဘူး။ ဒီနှစ်မှာပရီမီယာလိဂ်ဖလားအတွက် မျှော်လင့်ချက်တွေဆိတ်သုဉ်းပြီး ဖလားလက်မဲ့ဖြစ်ခဲ့တဲ့ချယ်လ် ဆီးဟာ ရာသီကုနု နောက်ဆုံးပွဲကိုဂုဏ် သိကာ ရှိစွာ အနိုင်နဲ့  ဇာတ်သိမ်းဖို့ကြိုးစားပါလိမ့်မယ်။ ကာဒစ်ဟာ ချယ်လ်ဆီးကို သရေကစားနိုင်တဲ့စိတ်ဓာတ်ရှိပေမယ့် အရာမထင်မယ့် အားထုတ်မှုကို ပြင်းပြင်းထန်ထန်လုပ်မှာ မဟုတ်ပါဘူး။
လီဗာပူးနှင့် နယူးကာဆယ်
လီဗာပူးအတွက်အကောင်းဆုံးခြေစွမ်းရခဲ့တဲ့ ရာသီအဖြစ်မှတ်တမ်းကောင်း ရေးထိုးနိုင်ဖို့ ဒီပွဲမှာ အနိုင်ကစားပါလိမ့်မ့ယ။် ချန်ပီ ယံ ဆုဖလားကို မှုန်ဝါးစေခဲ့တဲ့ ရလဒ်ေ တွေ ကြာင့် ဒီပွဲစဉ်ကို တော့  မျက်နှာ ပန်းလှအောင်ကြိုးစားမှာပါ။ နယူးကာဆယ်ဟာပထမအကျော့ မှ့ာ လီဗာပူးကို သရေပွဲရ အောင်အားထုတ်ခဲ့တာမ့ို အခုပွဲမှာ လည်း လှပတဲ့ရလဒ်နဲ့  နူတ်ဆက်မလားကြည့်ရမှာပါ။
နော့ဝှစ်ခ်ျနှင့် အာဆင်နယ်
တန်းဆင်းသွားးပြီဖစ်တဲ့နော့ဝှစ်ခ်ျဟာ ပရီမီယာလိဂ်မှာ နှုတ်ဆက်ပွဲအဖြစ် အာဆင်နယ်ကိုခြေရည်တူကစားသွားနိုင်ပါတယ်။ ဒါပေမယ့်ငယ်နိုင်လိုဖြစ်နေတဲ့ နော့ဝှစ်ခ်ျကိုအာဆင်နယ်တို့အနိုင်ယူပြီး ရာသီကုန်မှာမှတ်တမ်းကောင်း ရေးထိုးပါလိမ့်မယ်။
+မိုးမြင့်လင်းလက်+

No comments:
Post a Comment