By : JACBA
(၀က်စ်ဟမ်း နဲ့ စပါးအခုလိုအကြိတ်ကလေးရယ်တဲ့မှ အိုအနယ်ယှဉ်ပြိုင်ကြ)

ပရီမီယာလိဂ်တွင် လီဗာပူး၊ချယ်လ်ဆီးနှင့် မန်စီးတီးတို့ ယခုနှစ်ပရီမီယာလိဂ်ဖလားကို ဆွတ်ခူးရန်အနီးကပ် အားပြိုင်နေချိန်တွင်ပွဲစဉ် ၃၇ အဖြစ် ၀က်စ်ဟမ်းနှင့် စပါးတို့ ယှဉ်ပြိုင်ကစားကြရာ ၀က်စ်ဟမ်းက အိမ်ကွင်း၌ နှစ်ဂိုးပြတ်ဖြင့်အနိုင်ရလိုက်သည်။
ဝက်စ်ဟမ်းတို့ ယင်းပွဲအနိုင်ရလိုက်၍ လေးပွဲဆက်တိုက်ရှုံးနိမ့်မှုကိုအဆုံးသတ်သွားစေသည်။ စပါးအသင်းမှ ကာဘိုးလ်သည် ဒေါင်းနင်းကို ကြမ်းတမ်းစွာကစားခဲ့၍အနီကတ်ဖြင့်ထွက်ခဲ့ရသည်။ ၀က်စ်ဟမ်းအသင်းမှ ကာရိုးလ်၏ခေါင်းတိုက်သွင်းယူချိန် ဟာရီကိန်းကကိုယ့်ဂိုးကိုယ်ပြန်သွင်းမိ၍ ၀က်စ်ဟမ်းတို့ ဦးဆောင်ဂိုးရရှိခဲ့သည်။ပထမပိုင်းပွဲပြီးရန် တစ်မိနစ်အလို ဒေါင်းနင်းက ကိုက် ၂၀ အကွာမှ ကန်သွင်းယူခဲ့ရာ ဒုတိယဂိုးရရှိခဲ့သည်။
(မိမိတို့ အိမ်ကွင်းမှာစပါးအသင်းကို၂ဂိုးပြတ်
ချေမှုန်းနိုင်လို့ ပျော်ရွှင်နေကြသူတွေ )

စပါးအသင်းသည်နံပါတ်ငါးနေရာတက်ရန် အကြိတ်အနယ်ကြိုးစားသော်လည်း ရှုံးနိမ့်ခဲ့၍ရမှတ် ၆၉ မှတ်ဖြင့် နံပါတ်ခြောက်နေရာ၌ ရပ်တည်လျက်ရှိသည်။ထိပ်ဆုံးရောက်လီဗာပူးက ရမှတ်၈၀ ဖြင့် ဒုတိယနေရာမှ ချယ်လ်ဆီးထက် နှစ်မှတ်အသာရထားသည်။လီဗာပူးအနေဖြင့် လက်ကျန်ပွဲနှစ်ပွဲဖြစ်သည့် မေ ၅ရက် ခရစ်္စတယ်ပဲလေ့စ်နှင့် ကစားရမည့်အဝေးကွင်းပွဲနှင့် မေ ၁၁ ရက် နယူးကာဆယ်နှင့်ကစားရမည့် အိမ်ကွင်းပွဲများဆက်တိုက်အနိုင်ရရှိသွားမည်ဆိုလျှင်လီဗာပူးတို့ ယခုနှစ်ပရီမီယာလိဂ်ချန်ပီယံဆုကြီးကို ဆွတ်ခူးနိုင်မည်ဖြစ်သည်။
+အာကာကျော်+

No comments:
Post a Comment