Friday, April 25, 2014

အိန္ဒိယရေတပ်မှရေတပ်သုံးစင်း မြန်မာနိင်ငံသို့လာမည်။

ရန်ကုန်၊ ဧပြီ ၂၄

နှစ်နိုင်ငံ တပ်မတော် ချစ်ကြည်ရေး အစီအစဉ်အရ အိန္ဒိယရေတပ်မှ စစ်သင်္ဘော သုံးစင်းသည် ဧပြီလ နှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ဧပြီလ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကမ်းဝေးကင်းလှည့် သင်္ဘောနှစ်စီးနှင့် ရဟတ်ယာဉ်၊ လူနှင့် လောင်စာဆီများ သယ်ဆောင်နိုင်သော အကြီးစား စစ်သင်္ဘောတစ်စီး ပါဝင်မည့် အိန္ဒိယရေတပ် သင်္ဘောအုပ်စုမှာ မြန်မာနိုင်ငံ သီလဝါဆိပ်ကမ်းသို့ ဧပြီလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ လာရောက် လည်ပတ်မည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိန္ဒိယရေတပ်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း တပ်မတော်နှင့် အုပ်ချုပ်ရေး တာဝန်ရှိသူများကို တွေ့ဆုံမည့်အပြင် သန်လျင်မြို့နယ် ဆေးရုံ၌ အခမဲ့ ဆေးကုသခြင်းနှင့် ဖျော်ဖြေရေး အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း အိန္ဒိယသံရုံးထံမှ သိရသည်။

ထို့အပြင် အိန္ဒိယရေတပ် ဗိုလ်လောင်းနှင့် အရာရှိများသည် ရန်ကုန်နှင့် ပဲခူးဒေသများရှိ သမိုင်းဝင် နေရာများသို့ သွားရောက်လည်ပတ်ကာ နှစ်နိုင်ငံ ချစ်ကြည်မှု မြှင့်တင်ရေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဆိုပါသံရုံးမှ ထပ်မံသိရှိရသည်။

မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်အတွင်း တရုတ်နှင့် ရုရှားကဲ့သို့သော အင်အားကြီးနိုင်ငံများမှ ရေတပ်များ လာရောက်လည်ပတ်ခဲ့ပြီး အခမဲ့ ဆေးကုသခြင်းနှင့် ဖျော်ဖြေရေး အစီအစဉ်များ ပြုလုပ်ခဲ့သည်။

                                                                 (အလင်းရောင်)

No comments:

Post a Comment